Friday, April 30, 2010

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများ စိတ်ကူးထားသောအိမ်မျိုး ဂျပန်တွင် ပေါ်လာ

(အေအက်ဖ်ပီ)
တင်ဦး ဘာသာပြန်သည်။
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)

တိုကျို - ကမ္ဘာပေါ်တွင် အကြီးမားဆုံးမြို့ပြအဆောက်အအုံများ၏ အစွန် တိုကျိုပင်လယ်ကွေ့ပေါ်တွင် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးသမားများ စိတ်ကူးနှင့် အိပ်မက်မက်နေကြသော အိပ်မက်အိမ်မျိုး တစ်လုံးတည်းရှိသည်။

ထိုအိမ်၏ အမိုးပေါ်မှာ တပ်ဆင်ထားသောနေရောင်ခြည်ခံ မှန်ပြားများနှင့် အိမ်နောက်ဖေးရှိလောင်စာဓာတ်ခဲတို့ကထိုအိမ်ကိုစွမ်းအင် ထုတ်ပေးသည်။လစ်သီယမ်အိုင်ယွန် ဓာတ်ခဲ ကအပိုလျှပ်စစ်ဓာတ်အားကို ထိန်းသိမ်း ပေးသည်။ အခန်းမျက်နှာပြင်ကို အပူပေးရာ၌ ရေနွေးပိုက်လုံးများက နှစ်ဆ တိုးလုပ်ပေးသည်။ ကောင်းမွန်သော ကာကွယ်ပစ္စည်းများက စွမ်းအင်ကို အဘက်ဘက်မှ ချွေတာပေး သည်။

အနာဂတ်တွင် ကာဗွန်ဓာတ်ထုတ်လွှတ်မှုနည်းသည့်အိမ်မျိုးတွေ ဖြစ်လာရမည်ဟူသော အမြင်မျိုးနှင့် စပ်လာလျှင် ဤသဘာဝပတ် ၀န်းကျင်ထိခိုက်မှုနည်းသည့်အိမ်ကလေးအများသော အိမ်တို့နှင့်မတူ တစ်မူထူးခြား၍တစ်ပန်းသာနေခြင်းမှာ တကယ်တော့ အဆင့် မြင့်နည်းပညာကြောင့်ပင်။

ဤသဘာဝပတ်ဝန်းကျင်ထိခိုက် နည်းအိမ်တွင် ပင်နာဆိုးနစ်ကုမ္ပဏီက အဆင့်မြင့်ကောင်းမွန်လှသည့် အလိုလိုသိနေသော ကိရိယာ များကို တပ်ဆင်ပေးထား၍ ဤအိမ်တွင် နေသူများသည် လူနေမှုဘ၀ပုံစံ အဆင့်အတန်း ထိခိုက်မခံရဘဲနှင့် နေသွားနိုင်၏။ စွမ်းအင် ကိုလည်း ချွေတာသွားနိုင်၏။

အာရုံခံကိရိယာများက အိမ်ထဲမှ လူများတစ်ခန်းမှ တစ်ခန်းသို့ ကူးရွှေ့ သွားလျှင် သွားရာနေရာသို့ လိုက်ပါ ကြကာ ဧည့်ခန်းထဲမှာ ထိုင်နေသူလူ တစ်ဦးအား နွေးသည့်လေခံချင်သလား၊အေးသည့်လေခံချင်သလား ထိုသူ၏ အလိုအတိုင်း ပြုပေးနိုင်ကြောင်း ပင်နာ ဆိုးနစ်ကုမ္ပဏီ ဥက္ကဋ္ဌ ဖူမီယိုအိုဆုကိုက သတင်းစာရှင်းလင်းပွဲတွင် ပြောပြသည်။

"လူက မီးဖိုဆောင်ထဲ သွားတယ် ဆိုပါတော့ဗျာ။ အဲဒီမီးဖိုဆောင်ထဲမှာ မီးတွေပွင့်ကုန်တယ်။ ဒါပေမယ့် ဧည့်ခန်းထဲက မီးတွေတို့၊ လေအေးပေးစက်နဲ့ တီဗီတို့က ပိတ်ကုန်ကြမယ်။ ဘာကြောင့်လဲဆိုတော့ အာရုံခံကိရိယာ တွေက လူရောက်လာတာကိုရော၊ အပူ ချိန်နဲ့ မီးလင်းခြင်းတို့ကိုပါ သိနိုင်လို့ပဲ" ဟု ၎င်းက ပြောသည်။

ဤအိမ်မှအ၀တ်လျှော်စက်ကလည်း ရေစည်ကိုစောင်းငဲ့ပေးလိုက်ရုံမျှနှင့် ရေအသုံးကို တစ်ဝက်လျှော့ချပေးနိုင်သည်။ ရေခဲသေတ္တာ ကလည်း ဖွင့်ထားဖို့မလိုဘူးဆိုသည့် အခါမျိုးတွင် အိမ်ရှင်၏ ရေခဲသေတ္တာသုံးစွဲပုံအလေ့ကိုသိပြီး အလိုလိုပိတ်သွားမည်ဖြစ်သည်။

ဤသို့သောအသစ်တီထွင်လုပ်ဆောင် မှုများကြောင့် ပင်နာဆိုးနစ် ကုမ္ပဏီသည် သဘာဝပတ်ဝန်းကျင် မထိခိုက်သည့် ကုန်ပစ္စည်း များကို ထုတ်လုပ် နိုင်ဆုံးကုမ္ပဏီဖြစ်လာသည်ဟု နစ်ကေး စီးပွားရေးသတင်းစာက ကောက်ယူသော စစ်တမ်းတွင်ဆိုထားသည်။

အီလက်ထရွန်းနစ်ပစ္စည်းများ ထုတ်သူမှသည် မော်တော်ကားထုတ်သူများအထိသော ဂျပန်ကုမ္ပဏီကြီးများသည် သဘာဝပတ်ဝန်း ကျင်နှင့် စွမ်းအင်စနစ်တကျသုံး နည်းပညာများကို တိုး၍ လုပ်ဆောင်လာခဲ့ကြသည်။

တိုယိုတာ၏ မျိုးစပ်ကားဖြစ်သော ပရိုင်ယပ်စ်သည် နွေဦးပေါက်မှ စ၍ ဂျပန်တွင် အကောင်းဆုံးကားဖြစ်လာခဲ့သည်။ ဟွန်ဒါ၏ အင် ဆိုက်ကားက နောက်ကလိုက်နေ၏။ တစ်ချိန်တည်းမှာပင် မစ်ဆူဘီရှီက လျှပ်စစ်ကားများ ထုတ်လုပ်မှုတွင် စွန့်စားလုပ်ကိုင်ခဲ့ကာ i-MiEv ဟူသော ကာဗွန်ဓာတ်လုံးဝ မထုတ်လွှတ်သည့် ကားကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။

စီးပွားရေး ပြန်လည်နာလန်ထလာမှု နှင့်အတူ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ရည်မှန်းချက်များအတိုင်း ပြည့်မီလာအောင်ကြိုးပမ်း လျက်ရှိသော ဂျပန်အစိုးရသည်ဂျပန်ကုမ္ပဏီကို သဘာဝပတ်ဝန်းကျင်မထိခိုက်မည့် လုပ်ငန်းမျိုးလုပ်ရန်တိုက်တွန်းအားပေးခဲ့သည်။

အစိုးရကပေးသော အမတော်ကြေး များသည် မျိုးစပ်ကားများ အရောင်းတက်လာအောင် ပြုလုပ်ပေးနိုင်ခဲ့သလို စီးပွားရေးနှိုးဆွပေး သည့် တိုးချဲ့လိုက်သည့် စီးပွားရေးအစီအစဉ်သစ်တွင်လည်း စားသုံးသူများအား စွမ်းအင်ချွေ တာပေးနိုင်သည့် ပင်နာဆိုးနစ်က ဆောက်သည့်အိမ်ကဲ့သို့ စွမ်းအင်ချွေတာသည့် ကိရိယာများကို ၀ယ်ယူ သုံးစွဲကြရန် တိုက်တွန်းအားပေးထားသည်။

အစိုးရသည် အများပြည်သူပိုင် အဆောက်အအုံများတွင် နေရောင် ခြည်မှန်ကွက်ပြားများ သုံးလာနိုင်ရေး နှင့် အခြားသော ပြန်သုံး ၍ရနိုင်သည့် စွမ်းအင်ရင်းမြစ်များကို သုံးစွဲနိုင်ရေးအတွက် အစီအစဉ်တစ်ရပ် ချမှတ်လုပ် ကိုင်လျက်ရှိသည်။

စီးပွားရေးအရ ဒုတိယအကြီးဆုံး ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှု နံပါတ် (၅) နေရာတွင် ဂျပန်ရှိသည်။

ကိုပင်ဟေဂင်တွင် ကျင်းပသည့် ကုလသမဂ္ဂ၏ ရာသီဥတုပြောင်းလဲ ခြင်းဆိုင်ရာ ထိပ်သီးညီလာခံ၌ ဂျပန်နိုင်ငံက ယင်း၏ ကာဗွန် ဒိုင်အောက် ဆိုက် ထုတ်လွှတ်မှုကို ၂၀၂၀ ပြည့်နှစ် ဆိုလျှင် ၁၉၉၀ ပြည့်နှစ်တွင် ရှိခဲ့သည့် ထုတ်လွှတ်မှုအဆင့်မှ ၂၅ ရာခိုင်နှုန်း လျှော့ချမည့် အစီအစဉ်ကို တင်ပြခဲ့ရာ ကမ္ဘာတွင် ရည်မှန်းချက်အကြီးဆုံးထား ရှိသော အစီအစဉ်တွေထဲမှတစ်ခုပင်။

ကမ္ဘာ့စီးပွားရေး ထိပ်သီးများတွင် ဥရောပသမဂ္ဂက ၃၀ ရာခိုင်နှုန်း လျှော့ချမည်ဆိုထားသဖြင့် ဂျပန်က ဒုတိယနေရာလိုက်လာခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် ယူကီယို ဟာတိုယာမာသည် ဂျပန်၏ ဒီပလိုမေစီ ခပ်ဖြည်း ဖြည်းလှမ်းနေသည်ကိုသာ တွေ့ခဲ့ရသော ကမ္ဘာနိုင်ငံရေး ဇာတ်ခုံပေါ်သို့ သူ၏ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာမူဝါဒကို ပြောဆိုဆွေးနွေးစရာဖြစ် လောက်အောင်ပြုလိုက်ခြင်းဖြစ်သည်။

"ဒါဟာ နိုင်ငံတကာ အခင်းအကျင်းမှာ ဂျပန်က ပါဝင်လုပ်ဆောင်ပေးလိုက်တဲ့အကြီးမားဆုံးလုပ်ဆောင်မှုပါပဲ" ဟု သဘာဝပတ်ဝန်း ကျင် ၀န်ကြီးဆာကီဟီတို အိုဇာဝါက ပြောသည်။

သို့ရာတွင်ဂျပန်သည် ထိုရည်မှန်းချက်သို့ရောက်အောင်မည်သို့မည်ပုံလုပ်ဆောင်သွားမည်ဟူသော အချက်မှာ မေးခွန်းထုတ်စရာများ ရှိမြဲရှိနေဆဲ ဖြစ်သည်။ အရေးပါသော စီးပွားရေးကုမ္ပဏီကြီးများက ဂျပန်၏ ရှေ့အစီအစဉ်မှာ စီးပွားရေးကို ထိခိုက်စေမည့်အစီအစဉ် ဟူ၍ အပြင်းအထန် ပြစ်တင်ဝေဖန်လျက်ရှိကြသည်။

ဂျပန်က ၂၀၁၂ ခုနှစ်တွင် ကမ္ဘာ့ရာသီဥတုပူနွေးလာခြင်းကို တိုက်ဖျက် သွားနိုင်အောင် ဖွံ့ဖြိုးဆဲနိုင်ငံများကို ဒေါ်လာ သုည ဒသမ ၂ ဘီလျံကူညီသွားမည်ဟု ကတိပြုထားသည်။

ဂျပန်သည် ကမ္ဘာတွင်စီးပွားရေးအရ ဒုတိယအကြီးဆုံးနိုင်ငံဖြစ်ပြီး ကာဗွန်ဓာတ်ထုတ်လွှတ်ရာတွင်ကား ပဉ္စမနေရာ လိုက်နေသော နိုင်ငံဖြစ်သည်။

ဂျပန်သည် ကျိုတိုသဘောတူညီချက် မှတ်တမ်းတွင် ပြုထားခဲ့သည့် ကတိက၀တ်အတိုင်းဖြစ်အောင် မနည်းကြိုးပမ်းနေရသည်။ သဘောတူညီချက်မှတ်တမ်းတွင် ၁၉၉၀ နှင့်၂၀၀၈-၂၀၁၂ ကာလတွင်ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ထုတ်လွှတ်မှုခြောက်ရာခိုင်နှုန်း လျှော့ချသွားရန် ကတိပြုထားသည်။


Labels:

posted by Mg Maung @ 12:54 AM   1 Comments